၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့ ထိုင်းနိုင်ငံ နံနက်ခင်းသတင်းများ




သစ်ပင်ပေါ်က ဆိုင်ကယ်နှင့် ထူးဆန်းသော မတော်တဆမှု - မယ်ဟောင်ဆောင်တွင် အရှိန်လွန်၍ ဆိုင်ကယ်သမားတစ်ဦး သေဆုံး

မယ်ဟောင်ဆောင်၊ ၂၀၂၆ မေ ၁၃

၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် (တနင်္လာနေ့) နံနက်အစောပိုင်းက မဲဟောင်ဆောင် Mae Sariang မြို့နယ်ရှိ အန္တရာယ်များတဲ့ ကွေ့တစ်ခုမှာ ဆိုင်ကယ်တစ်စီး လမ်းချော်ပြီး သစ်ပင်ပေါ် ရောက်ရှိသွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဟာ ဆိုင်ကယ်ကို မောင်းနှင်လာရင်း ကွေ့တစ်ခုမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက သစ်ပင်ကို အရှိန်ပြင်းပြင်းနဲ့ တိုက်မိခဲ့ပါတယ်။ ဆိုင်ကယ်ဟာ အရှိန်ကြောင့် သစ်ပင်ပေါ်သို့ ၂ မီတာခန့် (၆ ပေကျော်) အမြင့်ထိ လွင့်စင်တင်ကျန်ခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာချိန်မှာ ဆိုင်ကယ်ဟာ သစ်ပင်ပေါ်မှာ တင်နေဆဲဖြစ်ပြီး ဆိုင်ကယ်စက်နှိုးနေပြီး ကွေ့ဖို့ အချက်ပြထားတဲ့ မီးက လည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားဟာ ဆိုင်ကယ်ပေါ်ကနေ လွင့်စင်ကျခဲ့ပြီး ရရှိတဲ့ ဒဏ်ရာတွေကြောင့် အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။ ၎င်းရဲ့ ကိုယ်ပေါ်မှာ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား မတွေ့ရှိရသေးပါဘူး။

အဆိုပါနေရာ ဟာ မတ်စောက်ပြီး အကွေ့အကောက်များတာကြောင့် "သေမင်းတမန်အကွေ့" လို့ လူသိများပါတယ်။ ဒါကြောင့် အဲဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာမယ့်သူတွေအနေနဲ့ အထူးသတိထားမောင်းနှင်ကြဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

Source: Chiang Rai Times

#AroneNews #မဲဟောင်ဆောင် #ဆိုင်ကယ်မတော်တဆမှု #ထိုင်းသတင်း #လမ်းဘေးအန္တရာယ် #MaeHongSon #RoadSafetyThailand

 

3-2.         





ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ခြံစည်းရိုးအသစ် အမြန်တည်ဆောက်နေ

ချန်သာဘူရီ၊ ၂၀၂၆ မေ ၁၃

ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိစပ်နေတဲ့ ချန်သာဘူရီခရိုင်၊ ပေါင်နမ်ရွန် မြို့နယ်အတွင်းမှာ အရှည် ၁,၃၁၀ မီတာရှိတဲ့ နယ်စပ်ခြံစည်းရိုးကို စတင်တည်ဆောက်နေပြီ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဧပြီလကုန်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး ခြံစည်းရိုးဟာ အမြင့် ၅ ပေခွဲခန့် ရှိပါတယ်။ ခိုင်ခံ့တဲ့ ကွန်ကရစ်တိုင်တွေနဲ့ သံဆန်ခါတွေကို အသုံးပြုထားပြီး ၄၅ ရက်အတွင်း အပြီးသတ်ဖို့ ရည်မှန်းထားပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ဒီတည်ဆောက်မှုဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေ အတွင်းမှာပဲ လုပ်ဆောင်တာဖြစ်ပြီး နယ်စပ်မျဉ်းအတိအကျရှိတဲ့ နေရာမှာ တည်ဆောက်တာဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။

တည်ဆောက်မှု စတင်ချိန်မှာ ကမ္ဘောဒီးယားစစ်သားအချို့က ဓာတ်ပုံရိုက်ပြီး စောင့်ကြည့်တာတွေရှိခဲ့သလို၊ ကမ္ဘောဒီးယား လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ဒီကိစ္စက လူပြောများနေပါတယ်။ ဒါပေမဲ့ ထိုင်းဘက်ကတော့ ဒါဟာ နိုင်ငံတော်လုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုတွေကို တားဆီးဖို့ တရားဝင်လုပ်ဆောင်တာလို့ ဆိုပါတယ်။

နယ်စပ်အနီးနေထိုင်တဲ့ ဒေသခံအချို့က လုံခြုံရေးအတွက် ဝမ်းသာကြပေမဲ့၊ အချို့ကတော့ နယ်စပ်ကုန်သွယ်ရေးနဲ့ သွားလာရေးမှာ အခက်အခဲရှိလာမှာကို စိုးရိမ်နေကြပါတယ်။ အစိုးရဘက်ကတော့ တရားဝင်နယ်စပ်ဂိတ်တွေကနေ ပုံမှန်အတိုင်း သွားလာနိုင်မှာဖြစ်ကြောင်း အသိပေးထားပါတယ်။

Source: Thailand News

Photo Credit: Khaosod

#AroneNews #ကမ္ဘောဒီးယား #နယ်စပ်ခြံစည်းရိုး #ThailandNews #BorderSecurity #Chanthaburi #ထိုင်းသတင်း

3-3.         


ထိုင်း-နယ်သာလန် သံတမန်ရေးရာ ခြေလှမ်းသစ် ဘန်ကောက်အချက်အချာနေရာမှာ သံအမတ်ကြီးနေအိမ် ဝယ်ယူခွင့် အစိုးရအတည်ပြု

ဘန်ကောက်၊ ၂၀၂၆ မေ ၁၃

ထိုင်းအစိုးရအဖွဲ့ ဟာ ဘန်ကောက်မြို့ရှိ နယ်သာလန်သံရုံးအတွက် သံအမတ်ကြီးနေအိမ်သစ် ဆောက်လုပ်ဖို့ မြေကွက်ဝယ်ယူခွင့်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က အတည်ပြုပေးလိုက်ပါတယ်။

ဘန်ကောက်မြို့၊ ပသုံဝန် (Pathumwan) ခရိုင်၊ ရွန်ရူဒီ လမ်းသွယ် (Soi Ruam Rudi) ထဲမှာရှိတဲ့ မြေကွက် ၂ ကွက်နဲ့ အဆောက်အအုံတွေဖြစ်ပြီး စုစုပေါင်း အကျယ်အဝန်း ၁,၅၀၀ စတုရန်းမီတာခန့် ရှိပါတယ်။

နယ်သာလန်နိုင်ငံဟာ ထိုင်းနိုင်ငံမှာ မြေဧရိယာ ၁၅ ရိုင် ကျော် ပိုင်ဆိုင်ထားပြီးဖြစ်တာကြောင့် အခုလို မြေထပ်မံဝယ်ယူမှုကို ထိုင်းအစိုးရအဖွဲ့က တစ်မှုချင်းစီအလိုက် သေချာစိစစ်ပြီးမှ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ အခွန်ကင်းလွတ်ခွင့်နဲ့ အခြားအခကြေးငွေ ကင်းလွတ်ခွင့်တွေကို နှစ်နိုင်ငံ အပြန်အလှန် ခံစားခွင့်ရှိမှာဖြစ်ပါတယ်။ နောက်နောင်မှာ ထိုင်းနိုင်ငံဘက်ကလည်း နယ်သာလန်မှာ သံတမန်ရေးရာအတွက် မြေဝယ်ယူလိုရင် အလားတူ အခွင့်အရေးတွေ ရရှိမှာဖြစ်ပါတယ်။

သက်ဆိုင်ရာ ဌာနဆိုင်ရာတွေဖြစ်တဲ့ မြေတိုင်းဦးစီးဌာနနဲ့ ထိုင်းရဲတပ်ဖွဲ့တို့ကလည်း အဆိုပါနေရာဟာ သံတမန်ရေးရာအတွက် လုံခြုံမှုရှိပြီး သင့်တော်တဲ့နေရာဖြစ်ကြောင်း ထောက်ခံထားကြပါတယ်။

Source: Khaosod

#AroneNews #ထိုင်းသတင်း #သံတမန်ရေး #နယ်သာလန်သံရုံး #DiplomaticRelations #DutchEmbassy #BangkokProperty

 


ကျဆုံးစစ်သည်တို့ရဲ့ မိသားစုများအတွက် 'ရွှေကတ်' (Hero Gold Card) - ထိုင်းအစိုးရရဲ့ အထူးကျန်းမာရေးစောင့်ရှောက်မှု

ဘန်ကောက်၊ ၂၀၂၆ မေ ၁၃

ထိုင်းအစိုးရအဖွဲ့ဟာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ စစ်သည် ၂၇ ဦးရဲ့ မိသားစုဝင်တွေအတွက် “UC Heroes” (သို့) “Hero Gold Card” လို့ခေါ်တဲ့ အထူးကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။

စစ်သည်တော်များ ကျဆုံးသွားပြီးနောက် ၎င်းတို့၏ မိသားစုဝင်တွေဟာ အစိုးရဝန်ထမ်း ကျန်းမာရေးခံစားခွင့် ဆုံးရှုံးသွားပြီး သာမန်ပြည်သူ့ကျန်းမာရေးစနစ်ထဲ ပြန်ရောက်သွားတာကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။

သူတို့ရဲ့ မိသားစုဝင် ၄၀ ဦးကို National Health Security Office ကနေ "UC Heroes" အဆင့် သတ်မှတ်ပေးမှာဖြစ်ပြီး၊ အစိုးရဝန်ထမ်းတွေ ရရှိတဲ့ အဆင့်မြင့်ကျန်းမာရေး အကျိုးခံစားခွင့်တွေနဲ့ တန်းတူ ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

ကျဆုံးစစ်သည်တွေရဲ့ သားသမီးတွေအနေနဲ့ အရွယ်မရောက်ခင် အထိ ဒီခံစားခွင့်ကို ရရှိမှာဖြစ်ပြီး၊ အခြားမိသားစုဝင်တွေကတော့ ဥပဒေအရ တခြားကျန်းမာရေး အခွင့်အရေးတွေ မရမချင်း ဒီကတ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားခဲ့သူတွေကို ဂုဏ်ပြုရုံတင်မကဘဲ သူတို့ရဲ့ မိသားစုဝင်တွေကိုပါ သိက္ခာရှိရှိ စောင့်ရှောက်ပေးဖို့ အစိုးရက တာဝန်ယူတာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

Source: Khaosod

#AroneNews #ထိုင်းသတင်း #ကျန်းမာရေး #ထိုင်းအစိုးရ #UCHeroes #ThailandNews #GoldenCard

Comments

Popular posts from this blog