Posts

Image
 ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ထိုင်းညနေခင်း သတင်းများ ဖူးခက် ပါတောင်တွင် အငှား လော့ခ်ကာ တစ်ခုအတွင်းမှ ဆွီဒင်နိုင်ငံသားပိုင် လက်နက်ခဲယမ်းများ တွေ့ရှိ ဖူးခက်၊ ၂၀၂၆ မေ ၁၄ ဖူးခက်၊ ပါတောင်ရှိ Jungceylon စျေးဝယ်စင်တာအတွင်းရှိ အခပေး လော့ခ်ကာ တစ်ခု တွင် မေလ ၁၂ ရက်နေ့က လက်နက်ခဲယမ်းများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ လော့ခ်ကာ နံပါတ် ၂၁၈၄ ကို ငှားရမ်းထားသူ ဆွီဒင်နိုင်ငံသားသည် ငှားရမ်းခ ကျသင့်ငွေ ကို ရက်ပေါင်း ၁၂၀ ကျော်ကြာအောင် ပေးချေခြင်းမရှိဘဲ ဆက်သွယ်၍မရတော့သဖြင့် ကုမ္ပဏီဝန်ထမ်းများက လုပ်ထုံးလုပ်နည်းအတိုင်း ဖွင့်လှစ်စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါလော့ခ်ကာ အတွင်းမှ Glock 9 mm ပစ္စတို ၄ လက်၊ CZ ပစ္စတို ၁ လက် (စုစုပေါင်း ၅ လက်) နှင့် 9 mm ကျည်ဆန် ၁၀၀ (ကျည်ဗူး ၂ ဗူး) ကို တွေ့ရှိခဲ့သည်။ ပါတောင်ရဲစခန်းသို့ ချက်ချင်းအကြောင်းကြားခဲ့ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က အဆိုပါလက်နက်များကို သိမ်းဆည်းကာ ဆက်လက်စုံစမ်းစစ်ဆေးနေပြီ ဖြစ်သည်။ Source: Thaiger #AroneNews #PhuketNews #Patong # ထိုင်းသတင်း #CrimeNews #Glock #GunSeizure   လိပ်ကျွန်းနှင့် ကော့စမွေ ရှိ ကုမ္ပဏီ အများစု နိုင်ငံခြ...
Image
 ၂၀၂၆၊ မေလ ၁၃ ရက်နေ့ ထိုင်း ညနေခင်းသတင်းများ သည်းခံခြင်းအတိုင်းအတာ ကျော်လွန်သွားတဲ့အခါ - နိုင်ငံခြားသားက အရင်ရန်စရာကနေ လမ်းဘေးရန်ပွဲ ဖြစ်ပွား ဘန်ကောက်၊ ၂၀၂၆ မေ ၁၃ မေလ ၁၂ ရက်နေ့က နိုင်ငံခြားသားတစ်ဦးဟာ ထိုင်းအမျိုးသားတစ်ဦး ရဲ့ ခေါင်းကို ရိုက်ပုတ်ခဲ့ရာကနေ လမ်းပေါ်မှာ လက်သီး နဲ့ ထိုးကြတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။ မျက်မြင်သက်သေဖြစ်သူ အသက် ၂၇ နှစ်အရွယ် ဒယ်လီ တစ်ဦးရဲ့ ပြောကြားချက်အရ ထိုင်းအမျိုးသားက ကားရပ်ထားစဉ် နိုင်ငံခြားသားက အနားသို့ လာရောက်ကာ စတင်ရန်စခဲ့တာဖြစ်ပါတယ်။ အစပိုင်းမှာ ထိုင်းအမျိုးသားက ရန်ပွဲမဖြစ်အောင် ရှောင်ဖယ်သွားခဲ့ပေမဲ့ နိုင်ငံခြားသားက နောက်ကနေ လိုက်လာပြီး ထိုင်းအမျိုးသားရဲ့ ခေါင်းကို လက်ဝါးနဲ့ ရိုက်လိုက်တဲ့အတွက် နှစ်ဦးသား ရန်ပွဲ ပြင်းထန်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင် ပျံ့နှံ့လာပြီးနောက် အွန်လိုင်းအသုံးပြုသူ အများအပြားက နိုင်ငံခြားသားရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကို ဝေဖန်ခဲ့ကြပြီး၊ အစပိုင်းမှာ သည်းခံခဲ့တဲ့ ထိုင်းအမျိုးသားကိုတော့ ချီးကျူးခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ဘယ်နေရာမှာ ဖြစ်ပွားခဲ့တယ်ဆိုတာနဲ့ အမှုဖွင့် အရေးယူထားခြင်း ရှိမရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။ အခ...
Image
 ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့ ထိုင်းနိုင်ငံ နံနက်ခင်းသတင်းများ သစ်ပင်ပေါ်က ဆိုင်ကယ်နှင့် ထူးဆန်းသော မတော်တဆမှု - မ ယ် ဟောင်ဆောင်တွင် အရှိန်လွန်၍ ဆိုင်ကယ်သမားတစ်ဦး သေဆုံး မယ်ဟောင်ဆောင်၊ ၂၀၂၆ မေ ၁၃ ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် (တနင်္လာနေ့) နံနက်အစောပိုင်းက မဲဟောင်ဆောင် Mae Sariang မြို့နယ်ရှိ အန္တရာယ်များတဲ့ ကွေ့တစ်ခုမှာ ဆိုင်ကယ်တစ်စီး လမ်းချော်ပြီး သစ်ပင်ပေါ် ရောက်ရှိသွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဟာ ဆိုင်ကယ်ကို မောင်းနှင်လာရင်း ကွေ့တစ်ခုမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက သစ်ပင်ကို အရှိန်ပြင်းပြင်းနဲ့ တိုက်မိခဲ့ပါတယ်။ ဆိုင်ကယ်ဟာ အရှိန်ကြောင့် သစ်ပင်ပေါ်သို့ ၂ မီတာခန့် (၆ ပေကျော်) အမြင့်ထိ လွင့်စင်တင်ကျန်ခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာချိန်မှာ ဆိုင်ကယ်ဟာ သစ်ပင်ပေါ်မှာ တင်နေဆဲဖြစ်ပြီး ဆိုင်ကယ်စက်နှိုး နေပြီး ကွေ့ ဖို့ အချက်ပြထားတဲ့ မီးက လည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားဟာ ဆိုင်ကယ်ပေါ်ကနေ လွင့်စင်ကျခဲ့ပြီး ရရှိတဲ့ ဒဏ်ရာတွေကြောင့် အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။ ၎င်းရဲ့ ကိုယ်ပ...