၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ထိုင်းညနေခင်း သတင်းများ
ဖူးခက် ပါတောင်တွင် အငှား လော့ခ်ကာ တစ်ခုအတွင်းမှ
ဆွီဒင်နိုင်ငံသားပိုင် လက်နက်ခဲယမ်းများ တွေ့ရှိ
ဖူးခက်၊ ၂၀၂၆ မေ ၁၄
ဖူးခက်၊ ပါတောင်ရှိ Jungceylon စျေးဝယ်စင်တာအတွင်းရှိ
အခပေး လော့ခ်ကာ တစ်ခုတွင် မေလ ၁၂ ရက်နေ့က လက်နက်ခဲယမ်းများ
တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လော့ခ်ကာနံပါတ်
၂၁၈၄ ကို ငှားရမ်းထားသူ ဆွီဒင်နိုင်ငံသားသည် ငှားရမ်းခ ကျသင့်ငွေကို ရက်ပေါင်း ၁၂၀ ကျော်ကြာအောင် ပေးချေခြင်းမရှိဘဲ ဆက်သွယ်၍မရတော့သဖြင့်
ကုမ္ပဏီဝန်ထမ်းများက လုပ်ထုံးလုပ်နည်းအတိုင်း ဖွင့်လှစ်စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်း
ဖြစ်သည်။
အဆိုပါလော့ခ်ကာ အတွင်းမှ Glock 9 mm ပစ္စတို ၄ လက်၊ CZ ပစ္စတို ၁ လက် (စုစုပေါင်း ၅ လက်)
နှင့် 9 mm ကျည်ဆန် ၁၀၀ (ကျည်ဗူး ၂ ဗူး) ကို တွေ့ရှိခဲ့သည်။
ပါတောင်ရဲစခန်းသို့
ချက်ချင်းအကြောင်းကြားခဲ့ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က အဆိုပါလက်နက်များကို
သိမ်းဆည်းကာ ဆက်လက်စုံစမ်းစစ်ဆေးနေပြီ ဖြစ်သည်။
Source: Thaiger
#AroneNews #PhuketNews #Patong #ထိုင်းသတင်း
#CrimeNews #Glock #GunSeizure
လိပ်ကျွန်းနှင့် ကော့စမွေရှိ ကုမ္ပဏီအများစု နိုင်ငံခြားသားများနှင့် ဆက်နွှယ်နေမှုအပေါ် အကြီးအကျယ် နှိမ်နင်း
လိပ်ကျွန်း၊ ၂၀၂၆ မေ ၁၄
ဝန်ကြီးချုပ် အနူတင် သည်
ရဲတပ်ဖွဲ့၊ DSI နှင့်
မြေယာအရာရှိ ၃၀၀ ခန့်ပါဝင်သော အဖွဲ့ဖြင့် လိပ်ကျွန်း သို့ ဗုဒ္ဓဟူးနေ့တွင်
သွားရောက်ခဲ့ပြီး အမည်ခံကုမ္ပဏီများကို နှိမ်နှင်းရာတွင်
ကြီးကြပ်ခဲ့သည်။
လိပ်ကျွန်းနှင့် ကောစမွေရှိ ကုမ္ပဏီပေါင်း ၁၆,၈၁၁ ခုအနက် ၁၁,၄၂၆ ခု (၆၈% ခန့်) သည်
နိုင်ငံခြားသားများနှင့် ဆက်နွှယ်နေကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် အစ္စရေး၊
ပြင်သစ်၊ ဗြိတိန်နှင့် ရုရှား ရင်းနှီးမြှုပ်နှံသူများကို အဓိက
စောင့်ကြည့်စစ်ဆေးနေသည်။
မြေကွက် ၃၇ ကွက်နှင့်
ဆက်စပ်နေသော ကုမ္ပဏီ ၂၇ ခုကို တွေ့ရှိခဲ့ပြီး ဘတ်သန်း ၁၀၀ ကျော် ဆောင်ထားသော ကုမ္ပဏီ ၃၄ ခုကို DSI က အထူးစုံစမ်းစစ်ဆေးနေသည်။ အမည်ခံ ထိုင်း ရှယ်ယာရှင်များ သည်
ထိုမျှလောက်သော ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်နိုင်သည့် ဝင်ငွေရှိမရှိကိုပါ
စစ်ဆေးသွားမည်ဖြစ်သည်။
အနူတင်က
"နိုင်ငံခြားသားတွေဟာ ကျွန်းပေါ်ကို ပျော်ရွှင်တဲ့ ခရီးသွားတွေအဖြစ်ပဲ
လာသင့်ပြီး၊ ဒေသခံတွေရဲ့ အလုပ်အကိုင်တွေကို လုယူတာ၊ ဒုက္ခပေးတာမျိုး
မဖြစ်စေရဘူး" ဟု ပြတ်သားစွာ ပြောကြားခဲ့သည်။
အမည်ခံနှိမ်နင်းမှုကို
ဖူးခက်၊ ခရာဘီ၊ ဖူးခက်၊ ပတ္တရားနှင့် ဟွာဟင်း စသည့် ကမ္ဘာလှည့် ခရီးသွား ဒေသများသို့ပါ
ဆက်လက်တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်သည်။
Source: Thai Examiner
#AroneNews #ထိုင်းသတင်း #Anutin #KohPhangan #KohSamui #NomineeCrackdown #DSI
ချွန်ဘူရီ ဇိမ်ခံဗီလာအတွင်းက တရုတ် လောင်းကစားဝိုင်းတစ်ခု ဖမ်းမိ
ချွန်ဘူရီ၊ ၂၀၂၆ မေ ၁၄
၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်
(ဗုဒ္ဓဟူးနေ့) ည က ချွန်ဘူရီ၊ နောင်ပရူး ရှိ
ဇိမ်ခံနေအိမ်တစ်လုံးအတွင်း ဖွင့်လှစ်ထားသော ပိုကာဝိုင်းကို
လူဝင်မှုကြီးကြပ်ရေးနှင့် ခရီးသွားရဲတပ်ဖွဲ့ အပါအဝင် ပူးပေါင်းအဖွဲ့က
ဝင်ရောက်စီးနင်းခဲ့သည်။
အဆိုပါစီးနင်းမှုအတွင်း တရုတ်နိုင်ငံသား အမျိုးသား ၁၃ ဦးနှင့်
အမျိုးသမီး ၃ ဦး ကို ဖမ်းဆီးရမိခဲ့ပြီး ၃ ဦးမှာ ဒုတိယထပ် ပြတင်းပေါက်မှ ခုန်ချထွက်ပြေးရန် ကြိုးစားသဖြင့်
ဒဏ်ရာရရှိခဲ့သည်။
ထိုင်းဘတ်ငွေ ၁
သိန်းခန့်၊ ဘတ်သန်းနှင့်ချီ တန်ကြေးရှိသော လောင်းကစား ချစ်ပ် ပြားများ၊ ပိုကာ စားပွဲ
၃ လုံးနှင့် လောင်းကစားပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါအိမ်အတွင်းသို့
တရုတ်ခရီးသွား အများအပြား ပုံမှန်ဝင်ထွက်နေမှုကို ဒေသခံများက သံသယ ရှိသဖြင့်
တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယခင်က ထိုဒေသတွင် တရုတ်နိုင်ငံသားများ C4 ဖောက်ခွဲရေး ယမ်းဘီလူးများ
ဝှက်ထားသည့် ဖြစ်စဉ်ရှိခဲ့ဖူးသဖြင့် ဒေသခံများက ပိုမိုစိုးရိမ်ခဲ့ကြသည်။
ဖမ်းဆီးရမိသူများ၏
နိုင်ငံကူးလက်မှတ်နှင့် ဗီဇာမှတ်တမ်းများကို စစ်ဆေးနေပြီး ဥပဒေအရ အရေးယူနိုင်ရန်
စုံစမ်းစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းပေးအပ်ထားသည်။
Source: Khaosod
#AroneNews #ChonburiNews
#Pattaya #CrimeNews #GamblingRaid #ChineseGamblers #ထိုင်းသတင်း
ထိုင်းအရှေ့မြောက် အီစန်တစ်နေရာမှာ ဆွီဒင်နိုင်ငံသားကို ဓါးနဲ့ခုတ်မှု ဖြစ်ပွား
စီဆကတ်၊ ၂၀၂၆ မေ ၁၄
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း
ဒေသရှိ စီဆကတ် တွင် အသက် ၆၁ နှစ်အရွယ် ဆွီဒင်နိုင်ငံသား ဂျင်မီသည် ၎င်း၏နေအိမ်ရှေ့တွင်
ဇနီး၏ ဦးလေး ဝီရာဖွန်း က ဓားဖြင့် ခုတ်ခြင်း ခံခဲ့ရသည်။
ဂျင်မီသည်
ကားမောင်းထွက်စဉ် လမ်းပေါ်ရှိ ကြက်ကလေး ၃ ကောင်ကို မတော်တဆ ကြိတ်မိခဲ့သဖြင့် တောင်းပန်စကားဆိုသော်လည်း
ဝီရာဖွန်းက လက်မခံဘဲ ဓားဖြင့် ခုတ်ခဲ့ခြင်း ဖြစ်သည်။
ထိုဖြစ်ရပ်ကြောင့် ဂျင်မီသည် ဦးခေါင်းခွံအက်သွားပြီး ချုပ်ရိုး အချက် ၃၀ အထိ ချုပ်ခဲ့ရကာ
ဆေးရုံတွင် တစ်ပတ်ကြာ တက်ရောက်ကုသခဲ့ရသည်။ ယခုတိုင် ညာဘက်ခြေထောက်
ထုံကျဉ်ခြင်းနှင့် မှတ်ဉာဏ်ချို့ယွင်းခြင်းကဲ့သို့သော နောက်ဆက်တွဲ ဝေဒနာများကို
ခံစားနေရသည်။
အမှုဖွင့်ထားသော်လည်း
တရားခံမှာ ဖမ်းဆီးခြင်း မခံရသေးဘဲ လွတ်မြောက်နေဆဲ ဖြစ်သည့်အပြင် လျော်ကြေးလည်း
မရရှိသေးသဖြင့် ဂျင်မီသည် ဘန်ကောက်ရှိ ဥပဒေရေးရာကူညီရေးအဖွဲ့တစ်ခုထံသို့
သွားရောက်အကူအညီ တောင်းခံခဲ့သည်။
ဂျင်မီ၏ အဆိုအရ
ကြက်ကလေးများ သေဆုံးမှုမှာ အကြောင်းပြချက်သက်သက်သာ ဖြစ်နိုင်ပြီး ၎င်း၏ဇနီးနှင့်
ဝီရာဖွန်း၏ မိသားစုကြားတွင် ကာလရှည်ကြာ ရန်ငြိုးဟောင်းများ ရှိနေခဲ့ကြောင်း
သိရသည်။
Source: Thaiger
#AroneNews #SisaketNews
#ထိုင်းသတင်း #SaimaiSurvive #မိသားစုရန်ပွဲ #CrimeNewsThai
#JusticeForJimmy



.jpg)




Comments
Post a Comment