၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ထိုင်းညနေခင်း သတင်းများ ဖူးခက် ပါတောင်တွင် အငှား လော့ခ်ကာ တစ်ခုအတွင်းမှ ဆွီဒင်နိုင်ငံသားပိုင် လက်နက်ခဲယမ်းများ တွေ့ရှိ ဖူးခက်၊ ၂၀၂၆ မေ ၁၄ ဖူးခက်၊ ပါတောင်ရှိ Jungceylon စျေးဝယ်စင်တာအတွင်းရှိ အခပေး လော့ခ်ကာ တစ်ခု တွင် မေလ ၁၂ ရက်နေ့က လက်နက်ခဲယမ်းများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ လော့ခ်ကာ နံပါတ် ၂၁၈၄ ကို ငှားရမ်းထားသူ ဆွီဒင်နိုင်ငံသားသည် ငှားရမ်းခ ကျသင့်ငွေ ကို ရက်ပေါင်း ၁၂၀ ကျော်ကြာအောင် ပေးချေခြင်းမရှိဘဲ ဆက်သွယ်၍မရတော့သဖြင့် ကုမ္ပဏီဝန်ထမ်းများက လုပ်ထုံးလုပ်နည်းအတိုင်း ဖွင့်လှစ်စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါလော့ခ်ကာ အတွင်းမှ Glock 9 mm ပစ္စတို ၄ လက်၊ CZ ပစ္စတို ၁ လက် (စုစုပေါင်း ၅ လက်) နှင့် 9 mm ကျည်ဆန် ၁၀၀ (ကျည်ဗူး ၂ ဗူး) ကို တွေ့ရှိခဲ့သည်။ ပါတောင်ရဲစခန်းသို့ ချက်ချင်းအကြောင်းကြားခဲ့ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က အဆိုပါလက်နက်များကို သိမ်းဆည်းကာ ဆက်လက်စုံစမ်းစစ်ဆေးနေပြီ ဖြစ်သည်။ Source: Thaiger #AroneNews #PhuketNews #Patong # ထိုင်းသတင်း #CrimeNews #Glock #GunSeizure လိပ်ကျွန်းနှင့် ကော့စမွေ ရှိ ကုမ္ပဏီ အများစု နိုင်ငံခြ...