၂၀၂၆၊ မေလ ၁၃ ရက်နေ့ ထိုင်း ညနေခင်းသတင်းများ
သည်းခံခြင်းအတိုင်းအတာ
ကျော်လွန်သွားတဲ့အခါ - နိုင်ငံခြားသားက အရင်ရန်စရာကနေ လမ်းဘေးရန်ပွဲ ဖြစ်ပွား
ဘန်ကောက်၊ ၂၀၂၆ မေ ၁၃
မေလ ၁၂ ရက်နေ့က
နိုင်ငံခြားသားတစ်ဦးဟာ ထိုင်းအမျိုးသားတစ်ဦးရဲ့ ခေါင်းကို ရိုက်ပုတ်ခဲ့ရာကနေ လမ်းပေါ်မှာ လက်သီးနဲ့ထိုးကြတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။
မျက်မြင်သက်သေဖြစ်သူ
အသက် ၂၇ နှစ်အရွယ် ဒယ်လီ တစ်ဦးရဲ့
ပြောကြားချက်အရ ထိုင်းအမျိုးသားက ကားရပ်ထားစဉ် နိုင်ငံခြားသားက အနားသို့ လာရောက်ကာ
စတင်ရန်စခဲ့တာဖြစ်ပါတယ်။
အစပိုင်းမှာ ထိုင်းအမျိုးသားက
ရန်ပွဲမဖြစ်အောင် ရှောင်ဖယ်သွားခဲ့ပေမဲ့ နိုင်ငံခြားသားက နောက်ကနေ လိုက်လာပြီး
ထိုင်းအမျိုးသားရဲ့ ခေါင်းကို လက်ဝါးနဲ့ ရိုက်လိုက်တဲ့အတွက် နှစ်ဦးသား ရန်ပွဲ ပြင်းထန်သွားခဲ့တာ
ဖြစ်ပါတယ်။
ဒီဗီဒီယိုဖိုင်
ပျံ့နှံ့လာပြီးနောက် အွန်လိုင်းအသုံးပြုသူ အများအပြားက နိုင်ငံခြားသားရဲ့
ရိုင်းစိုင်းတဲ့ အပြုအမူကို ဝေဖန်ခဲ့ကြပြီး၊ အစပိုင်းမှာ သည်းခံခဲ့တဲ့
ထိုင်းအမျိုးသားကိုတော့ ချီးကျူးခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ဟာ ဘယ်နေရာမှာ
ဖြစ်ပွားခဲ့တယ်ဆိုတာနဲ့ အမှုဖွင့် အရေးယူထားခြင်း ရှိမရှိကိုတော့
အတည်မပြုနိုင်သေးပါဘူး။
အခြားဖြစ်ရပ်တစ်ခုက ဖူးခက် မှာလည်း ရပ်ထားတဲ့ ကားခေါင်းခန်းပေါ်
တက်ထိုင်တဲ့ အိန္ဒိယကမ္ဘာလှည့်ခရီးသည်တွေကို သွားရောက်တားမြစ်တဲ့
ထိုင်းအမျိုးသားတစ်ဦး အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တစ်ခုလည်း
ဖြစ်ပွားခဲ့ပါသေးတယ်။
Source: Thaiger
#AroneNews #ဖူးခက် #ThailandNews #ViralVideo
#StreetFight #PhuketNews #ထိုင်းသတင်း
5-2. 8:00 pm post
Live လွှင့်စဉ်
ဆူညံမှုကြောင့် ချင်းရိုင်မှာ အိမ်နီးချင်းအချင်းချင်း
သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွား
ချင်းရိုင်၊ ၂၀၂၆ မေ ၁၃
၂၀၂၆ ခုနှစ်၊ မေလ ၁၁
ရက် (တနင်္လာနေ့) ညနေပိုင်းက ချင်းရိုင်ခရိုင်၊ သောင် မြို့နယ်မှာ အသက် ၂၄ နှစ်အရွယ်
အမျိုးသားတစ်ဦးဟာ အိမ်ထဲမှာ Live လွှင့်နေစဉ်
အိမ်နီးချင်းဖြစ်သူရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကို ခံခဲ့ရပါတယ်။
အသက် ၂၄ နှစ်အရွယ်
စီဝါကွန် ဟာ သူ့ရဲ့သူငယ်ချင်းနဲ့အတူ အိမ်ဝင်းမှာ ဗီဒီယို Live လွှင့်နေတုန်း
သေနတ်သံကြားလိုက်ရပြီး သူ့ရဲ့ ညာဘက်လက်မောင်းမှာ ကျည်ဆန်ထိမှန်ကာ သွေးအမြောက်အမြား
ထွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အခြေအနေ
တည်ငြိမ်နေပြီဖြစ်ပါတယ်။
ပစ်ခတ်သူလို့ သံသယရှိသူ
ဂျီရာဖုန်း နဲ့ စီဝါကွန်တို့ဟာ အရင်ကတည်းက Live လွှင့်တဲ့ အသံဆူညံမှုကိစ္စနဲ့ ပတ်သက်ပြီး
အငြင်းပွားမှု ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ စီဝါကွန်ကတော့ သူတို့ ဆူဆူညံညံ
မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ရဲတပ်ဖွဲ့ဟာ သံသယရှိသူ
ဂျီရာဖုန်းကို မေလ ၁၂ ရက်နေ့က အခင်းဖြစ်ပွားရာနဲ့ ၁၀ ကီလိုမီတာဝေးတဲ့ ဆီအုန်းစိုက်ပျိုးရေးခြံတစ်ခုမှာ
ဖမ်းဆီးရမိခဲ့ပါတယ်။
ဂျီရာဖုန်းက
သူပစ်တာမဟုတ်ကြောင်း ငြင်းဆိုနေပေမဲ့ ရဲတွေက သူ့ရဲ့အိမ် ကြက်ခြံထဲမှာ ဝှက်ထားတဲ့
ရိုင်ဖယ်သေနတ်တစ်လက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဂျီရာဖုန်းကို လူသတ်ရန် ကြိုးပမ်းမှု နဲ့ တရားစွဲဆိုထားပါတယ်။
ထိုင်းဥပဒေအရ လူသတ်ရန် ကြိုးပမ်းမှုဟာ လူသတ်မှုပြစ်ဒဏ်ရဲ့ တစ်ဝက်ကို
ခံရနိုင်ပါတယ်။ ဒါ့အပြင် တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့လည်း ထပ်မံအရေးယူခံရမှာ
ဖြစ်ပါတယ်။
Source: Thaiger
#AroneNews #ချင်းရိုင် #အိမ်နီးချင်းရန်ပွဲ #ChiangRaiNews
#ThailandNews #ShootingIncident #ထိုင်းသတင်း
5-3. 8:00 pm post
ဟိုတယ်ဘိုကင် တင်တဲ့အခါ
သတိထားပါ၊
ဘတ်သန်း ၂၀ ကျော် လိမ်လည်ခဲ့တဲ့ ဝက်ဘ်ဆိုက်အတု ဂိုဏ်းဝင်တစ်ဦး စာရာဘူရီမှာ ဖမ်းမိ
ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
(DSI) ဟာ
ဟိုတယ်ဘိုကင်အတုတွေပြုလုပ်ပြီး ငွေလိမ်လည်နေတဲ့အမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ
ချီနာဝပ် ကို မေလ ၁၁ ရက်နေ့က စာရာဘူရီခရိုင်မှာ ဖမ်းဆီးလိုက်ပါတယ်။
တရားခံဟာ
နာမည်ကြီးဟိုတယ်တွေရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို ပုံတူကူးပြီး
အတုပြုလုပ်ထားပါတယ်။ ဟိုတယ်ဘိုကင်တင်တဲ့ ခရီးသွားတွေကို သူတို့ရဲ့ဘဏ်အကောင့်ထဲ
ငွေလွှဲခိုင်းပြီး လိမ်လည်ခဲ့တာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးချက်တွေအရ
တရားခံရဲ့ ဘဏ်အကောင့်ထဲမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏဟာ ဘတ် သန်း ၂၀ ကျော်
ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီငွေတွေကို ခြေရာခံရခက်အောင် တစ်ဆင့်ပြန်လည်
လွှဲပြောင်းမှုတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။
၎င်းကို အများပြည်သူအား
လိမ်လည်မှု၊ သူတစ်ပါးအမည် အယောင်ဆောင်လိမ်လည်မှုနဲ့ နည်းပညာ ရာဇဝတ်မှုတွေမှာ
မိမိရဲ့ဘဏ်အကောင့် နဲ့ မှတ်ပုံတင်တွေကို အသုံးပြုခွင့်ပေးမှုတွေနဲ့ တရားစွဲဆိုထားပါတယ်။
အလားတူဖြစ်ရပ်အနေနဲ့ ခေါင်ရိုင် အမျိုးသားဥယျာဉ်အတွင်းက MYS Khao Yai ဟိုတယ်ကိုလည်း ဝက်ဘ်ဆိုဒ်အတုနဲ့ လိမ်လည်ခဲ့တာကြောင့် ခရီးသွား ၄၀ ကျော် နစ်နာခဲ့ရပါတယ်။
Source: Thaiger
#AroneNews #အွန်လိုင်းလိမ်လည်မှု #ခရီးသွားသတိပေးချက် #စာရာဘူရီ #HotelBookingScam #DSIThailand #ထိုင်းသတင်း
5-4. 8:00 pm post
Bolt အကောင့်တုယာဉ်မောင်းများကို
AI ဖြင့် စစ်ဆေးဖယ်ရှားတော့မည်
ဘန်ကောက်၊ ၂၀၂၆ မေ ၁၃
ပြီးခဲ့တဲ့လက
ဘန်ကောက်မြို့မှာ ကျောင်းသူလေးတစ်ဦး Bolt စီးရင်း အကောင့်တု ယာဉ်မောင်းကြောင့်
ဒုက္ခရောက်ခဲ့ရတဲ့ ဖြစ်စဉ်နောက်ပိုင်းမှာ Bolt Thailand က မေလ ၁၁ ရက်နေ့က လုံခြုံရေး အစီအမံသစ်တွေ ကို
ထုတ်ပြန်လိုက်ပါတယ်။
ယာဉ်မောင်းတွေ
အကောင့်ဝေမျှသုံးစွဲတာကို တားဆီးဖို့ AI နည်းပညာနဲ့ စောင့်ကြည့်မှာဖြစ်သလို၊ ယာဉ်မောင်းရဲ့
မျက်နှာကိုလည်း Facial Recognition နဲ့ အချိန်မရွေး
ကျပန်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။
မှတ်ပုံတင်ထားသူနဲ့
မောင်းသူ မတူညီတာကို တွေ့ရှိရင် အဲဒီအကောင့်ကို အမြဲတမ်းပိတ်သိမ်းပစ်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ
စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်မောင်း ၄၀,၀၀၀ ကျော်ကို
ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ခရီးသည်တွေအနေနဲ့ ကား/ ဆိုင်ကယ်ပေါ်မတက်ခင်
ယာဉ်မောင်းရဲ့မျက်နှာ၊ လိုင်စင်နံပါတ်နဲ့ အက်ပ်ထဲက အချက်အလက်တွေ ကိုက်ညီမှုရှိမရှိ
စစ်ဆေးဖို့ ဖုန်းထဲမှာ Pop-up သတိပေးချက်တွေ ပြသပေးသွားမှာ
ဖြစ်ပါတယ်။
ဘန်ကောက်၊ နောင်ခမ် (Nong Khaem) နယ်မြေက ကျောင်းသူလေးတစ်ဦးဟာ Bolt စီးရာမှာ ယာဉ်မောင်းက လမ်းမှားမောင်းပြီး
ရပ်ခိုင်းတာကို မရပ်ပေးတဲ့အတွက် ဆိုင်ကယ်ပေါ်ကနေ ခုန်ချခဲ့ရတဲ့ ဖြစ်စဉ်ကြောင့်
အခုလို စည်းကမ်းတွေ တင်းကျပ်လာတာ ဖြစ်ပါတယ်။
Source: Thaiger
#AroneNews #BoltThailand #BoltSafety #ThailandNews #RideHailing #ထိုင်းသတင်း
#ဘန်ကောက်
5-5. 8:00 pm post
ပတ္တရား လက်နက်မှုတွင်
ပါဝင်ပတ်သက်သည့် တိုင်ဝမ်အမျိုးသမီး ဗီဇာပယ်ဖျက်ပြီး ပြည်နှင်ဒဏ်ပေးရန် ပြင်ဆင်နေ
ပတ္တရား၊ ၂၀၆ မေ ၁၃
ထိုင်းအာဏာပိုင်တွေဟာ
တရုတ်နိုင်ငံသား မင်ချန်းဆန်း နဲ့ ဆက်နွှယ်နေတဲ့ စစ်အသုံးအဆောင်
လက်နက်ခဲယမ်းတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းဆည်းရမိတဲ့အမှုမှာ
ပါဝင်ပတ်သက်တယ်လို့ သံသယရှိတဲ့ အသက် ၃၃ နှစ်အရွယ် တိုင်ဝမ်အမျိုးသမီး Miss Yu Hsin Ma ကို ဖမ်းဆီးထားပြီး
၄ ရက်ဆက်တိုက် စစ်ဆေးနေပါတယ်။
ပတ္တရား၊ ဘန်လာမွန်းက နေအိမ်တစ်လုံးမှာ
စစ်လက်နက်ခဲယမ်း အမြောက်အမြားကို ဖမ်းဆီးရမိခဲ့ရာကနေ
ဒီအမျိုးသမီးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ပတ္တရား
လူဝင်မှုကြီးကြပ်ရေးဌာနက သူမရဲ့ ဗီဇာကို ပယ်ဖျက်လိုက်ပြီဖြစ်ပြီး စစ်ဆေးမှုတွေ
ပြီးဆုံးတာနဲ့ မိခင်နိုင်ငံကို ပြည်နှင်ဒဏ်ပေးဖို့ လုပ်ဆောင်နေပါတယ်။
ဖမ်းဆီးခံထားရသူရဲ့
စိတ်ပိုင်းဆိုင်ရာ အခြေအနေဟာ တည်ငြိမ်နေပြီး စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်း ဆောင်ရွက်နေပါတယ်။
အဓိက တရားခံဖြစ်သူ မင်ချန်းဆန်းကတော့ ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံမှာ
လုံခြုံရေးအပြည့်နဲ့ ဆေးကုသမှု ခံယူနေပါတယ်။
ရဲတပ်ဖွဲ့နဲ့
လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက ဒီကိစ္စမှာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းတွေ
ပါဝင်ပတ်သက်မှု ရှိ၊ မရှိ ဆက်လက်စုံစမ်းနေပါတယ်။
Source: Pattaya Mail
#AroneNews #ပတ္တရား #လက်နက်မှု #PattayaNews
#ThailandNews #CriminalCase #ထိုင်းသတင်း
5-6. 8:00 pm post
ကွာရှင်းပြီး ရက်ပိုင်းအတွင်း နန်ခရိုင်ရှိ အခန်းထဲမှာ
ဗြိတိန်နိုင်ငံသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိ
နန်၊ ၂၀၂၆ မေ ၁၃
၂၀၂၆ ခုနှစ်၊ မေလ ၁၁
ရက်နေ့က နန်ခရိုင်ရှိ ငှားရမ်းထားတဲ့ အခန်းအတွင်းမှာ အသက် ၇၄ နှစ်အရွယ်
ဗြိတိန်နိုင်ငံသား အငြိမ်းစား လေကြောင်းအင်ဂျင်နီယာတစ်ဦး သေဆုံးနေတာကို
တွေ့ရှိခဲ့ရပါတယ်။
အခန်းရှင်ဖြစ်သူက
၎င်းနဲ့ ဆက်သွယ်လို့မရတဲ့အတွက် ပြတင်းပေါက်ကနေ ချောင်းကြည့်ရာကနေ ကုတင်ပေါ်မှာ
သေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်နေရာမှာ
ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ လက္ခဏာ မတွေ့ရပါဘူး။ သေဆုံးသူဟာ နာတာရှည်ရောဂါ
တစ်ခုခုကြောင့် ကွယ်လွန်သွားတာဖြစ်နိုင်တယ်လို့
ရဲတပ်ဖွဲ့က ယူဆထားပါတယ်။
သေဆုံးသူဟာ
ထိုင်းဇနီးသည်နဲ့ ကွာရှင်းပြတ်စဲပြီးနောက် တစ်နှစ်ခန့် တစ်ဦးတည်း နေထိုင်နေတာ
ဖြစ်ပါတယ်။ ၎င်းဟာ အရက်နဲ့ ဆေးလိပ် အလွန်အကျွံ သောက်သုံးလေ့ရှိသူဖြစ်ပြီး မကြာသေးမီကမှ
ကျန်းမာရေးဆိုးရွားလာပြီး
လမ်းမလျှောက်နိုင်တော့ဘဲ အိပ်ရာထဲလဲနေသူ ဖြစ်ပါတယ်။
ထူးခြားချက်တစ်ခုကတော့ သူမသေခင် ရက်ပိုင်းအလိုမှာ ဇနီးသည်နဲ့ ကွာရှင်းစာချုပ်ကို အပြီးသတ်
လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးရတဲ့
အကြောင်းရင်း အတိအကျသိရဖို့ ရုပ်အလောင်းကို နန်ဆေးရုံမှာ စစ်ဆေးမှုတွေ
ပြုလုပ်နေပါတယ်။ ဘန်ကောက်ရှိ ဗြိတိန်သံရုံးကလည်း မိသားစုဝင်တွေနဲ့ ဆက်သွယ်ပြီး
ရုပ်အလောင်း ပြန်လည်သယ်ယူရေးနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စတွေကို
ကူညီဆောင်ရွက်ပေးနေပါတယ်။
Source: Thailand News
#AroneNews #နန်ခရိုင် #ဗြိတိန်နိုင်ငံသား #NanNews
#ThailandNews #BritishExpat #ထိုင်းသတင်း
5-7. 8:00 pm post
ချစ်သူကို
ကြွားချင်လို့ အလုပ်ရှင်ဆီက ရွှေတွေခိုးပြီး ရွှေလက်စွပ်ကို ချစ်သူဆီ လက်ဆောင်ပေးလိုက်တဲ့ စက်ရုံအလုပ်သမား
ဘန်လာမွန်း၊ ၂၀၂၆ မေ ၁၃
၂၀၂၆ ခုနှစ်၊ မေလ ၁၂
ရက်နေ့မှာ အသက် ၂၉ နှစ်အရွယ် စက်ရုံအလုပ်သမား အမျိုးသားတစ်ဦးဟာ သူအလုပ်လုပ်နေတဲ့
စက်ရုံပိုင်ရှင်ဆီက
ရွှေခိုးယူခဲ့မှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့က
သစ်သားပြား စက်ရုံပိုင်ရှင်ရဲ့ အခန်းထဲကနေ ရွှေ ၁၉ ဘတ် ပျောက်ဆုံး သွားခဲ့ပါတယ်။ အခင်းဖြစ်နေရာမှာ CCTV
မရှိတာကြောင့် ရဲတပ်ဖွဲ့က စက်ရုံအလုပ်သမား ၁၉ ဦးလုံးကို စစ်ဆေးပြီး
အချိန်အတော်ကြာ စုံစမ်းခဲ့ရပါတယ်။
မေလ ၁၁ ရက်နေ့မှာ
စက်ရုံပိုင်ရှင်ဟာ အလုပ်သမား ထနာကွန်း ရဲ့ ရည်းစား ကောင်မလေး ဝတ်ဆင်ထားတဲ့ ရွှေလက်စွပ်ကို မြင်လိုက်ရာကနေ သူ့ရဲ့ ပျောက်ဆုံးသွားတဲ့
လက်စွပ်ဖြစ်နေတာကို မှတ်မိသွားပြီး ရဲကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ထနာကွန်းက
သူခိုးယူခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ကောင်မလေးရဲ့ အရင်ရည်စားနဲ့
လမ်းခွဲပြီး သူ့ဆီ လာနေဖို့အတွက် ခိုးယူထားတဲ့ ရွှေအချို့ကို ရောင်းချကာ ဘတ် ၁
သိန်း ပေးခဲ့ပါတယ်။ ကျန်တဲ့ ရွှေလက်စွပ်ကိုတော့ သူမရဲ့ မိဘတွေကို ပြဖို့အတွက်
လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က တရားခံရဲ့
ဖုန်းကို စစ်ဆေးတဲ့အခါမှာလည်း Google
မှာ လက်ဗွေရာ ဖျက်နည်း ဆိုပြီး ရှာဖွေထားတာကို တွေ့ရှိခဲ့ရပါတယ်။
Source: The Pattaya News
#AroneNews #ထိုင်းသတင်း #ခိုးမှု #ဘန်လာမွန်း
#BanglamungNews #ThailandNews #TheftCase
5-8. 8:00 pm post
ချွန်ဘူရီတွင် ဘတ် ၁.၅
သန်းကျော်တန် တရားမဝင် တရုတ်စီးကရက်များနှင့်အတူ တရုတ်နိုင်ငံသား တစ်ဦး ဖမ်းဆီးရမိ
ချွန်ဘူရီ၊ ၂၀၂၆ မေ ၁၃
၂၀၂၆ ခုနှစ်၊ မေလ ၁၂
ရက်နေ့က ချွန်ဘူရီခရိုင်၊ သီရာချာ မြို့နယ် Resort တစ်ခုမှာ အခွန်မဆောင်ထားတဲ့ တရုတ်စီးကရက်
အထုပ်ပေါင်း ၁၅,၄၆၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး
တရုတ်နိုင်ငံသား တစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။
သတင်းပေးချက်အရ မေလ ၁၂
ရက် နံနက်အစောပိုင်းမှာ တရုတ်နိုင်ငံသား Mr. Wu Weijing ဟာ ကားတစ်စီးနဲ့ Resort ထဲကို ရောက်လာပြီး စီးကရက်သေတ္တာတွေကို ကားပေါ်တင်နေတုန်း ဖမ်းဆီးခဲ့တာ
ဖြစ်ပါတယ်။ သူဟာ ရဲကိုမြင်တော့ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ချက်ချင်းပဲ ဖမ်းမိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့
စီးကရက်တွေရဲ့ ခန့်မှန်းတန်ဖိုးဟာ ဘတ် ၁.၅ သန်းကျော် ရှိပါတယ်။
တရားခံ Mr. Wu ရဲ့ ဝန်ခံချက်အရ သူဟာ
ပြည်ပမှာရှိနေတဲ့ Mr. Hu ဆိုသူ တရုတ်အမျိုးသားရဲ့
ခိုင်းစေချက်အရ ဒီစီးကရက်တွေကို ခြေရာဖျောက်ဖို့အတွက် နေရာအမျိုးမျိုးမှာ
လိုက်လံသိုလှောင်ပေးရသူ ဖြစ်ပါတယ်။
တရားမဝင် ကုန်စည်များ
လက်ဝယ်ထားရှိမှု၊ ရောင်းချရန် ကြိုးပမ်းမှုတွေနဲ့ ၂၀၁၇ ခုနှစ် ယစ်မျိုးခွန်ဥပဒေအရ
သူ့ကို အမှုဖွင့် အရေးယူထားပါတယ်။
Source: The Pattaya News
#AroneNews #မှောင်ခိုစီးကရက် #တရားမဝင်ကုန်စည်
#ChonburiNews #ThailandNews #SmuggledCigarettes #ထိုင်းသတင်း














Comments
Post a Comment