၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့ ညနေခင်း ထိုင်းသတင်းများ




ချင်းရိုင်လေဆိပ်နားက ဆီဆိုင်မှာ အိုက်စ် ၃၃၀ ကီလိုဂရမ် မိ

၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်၊ ည ၁၀:၄၀ နာရီခန့်တွင် ချင်းရိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးရှိ စက်သုံးဆီဆိုင်တစ်ဆိုင် အနီးတွင် အိုက်စ် မူးယစ်ဆေးဝါး ၃၃၀ ကီလိုဂရမ် နှင့် တရားခံ ၂ ဦး ကို ဖမ်းဆီး ရမိခဲ့သည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ (NSB)၊ "Thap Chao Tak" အထူးတပ်ဖွဲ့ နှင့် ဖောင်းမိူင်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

နယ်စပ်မှ ဝင်ရောက်လာသည့် သံသယဖြစ်ဖွယ် ဆလွန်းကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးကို စောင့်ကြည့်ခဲ့ကြသည်။ မှောင်ခိုသမားများသည် ဆိုင်ကယ်ကို ရှေ့ပြေးအဖြစ် အသုံးပြုကာ စစ်ဆေးရေး ဂိတ် ရှိမရှိ ကြိုတင်ကြည့်ရှုစေခဲ့သော်လည်း ရဲတပ်ဖွဲ့က ဆီဆိုင်အတွင်း၌ အသင့်ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့သည်။

ကားအတွင်းရှိ နောက်ခန်းထိုင်ခုံများတွင် ဆာလာအိတ် ၁၂ အိတ်ဖြင့် ထည့်ထားသည့် အိုက်စ် ၃၃၀ ကီလိုဂရမ်ကို တွေ့ရှိခဲ့သည်။

တရားခံများကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ ဖြန့်ဖြူးရောင်းချရန် ကြံစည်မှုတို့ဖြင့် အမှုဖွင့်ထားသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံအလယ်ပိုင်း ပြည်နယ်များသို့ ပို့ဆောင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့အနေဖြင့် နောက်ကွယ်မှ လက်မည်းကြီးများကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေသည်။

Source: Chiang Rai Times

#AroneNews #အိုက်စ် #DrugBust #ChiangRai #CrystalMeth #DrugTrafficking #ထိုင်းသတင်း

 

 



ဆိုင်ကယ်ငှားပြီး လမ်းကြမ်းမောင်းရာကနေ တောင်ပေါ်ကလိမ့်ကျ ပျက်စီးသွားတဲ့ ဗီဒီယိုကြောင့် ဖူးခက်မှာ ဝေဖန်မှုတွေ ဆူညံနေ

 ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် လူမှုကွန်ရက်၌ ဗီဒီယို တစ်ခု ပျံ့နှံ့ခဲ့သည်။ အဆိုပါ ဗွီဒီယိုတွင်  ရုရှား နိုင်ငံသား ဟု ယူဆရသော နိုင်ငံခြားသားတစ်ဦးသည် လမ်းကြမ်းမောင်းရန်မဟုတ်သည့် Yamaha XMAX အမျိုးအစား အငှားဆိုင်ကယ်ကို အသုံးပြုကာ မတ်စောက်သော ကျောက်ဆောင်တောင်ကုန်းပေါ်သို့ တက်ရန် ကြိုးစားခဲ့သည်။

တောင်ကုန်းပေါ်တက်ရန် ကြိုးစားရင်း ဆိုင်ကယ်ကို မထိန်းနိုင်ဘဲ တောင်စောင်းအတိုင်း လိမ့်ဆင်းသွားခဲ့ရာ ဆိုင်ကယ်၏ အစိတ်အပိုင်းအချို့ ကျိုးပဲ့ပျက်စီးသွားသည်ကို ဗီဒီယိုမှတ်တမ်းတွင် အထင်အရှား တွေ့မြင်ရသည်။

အဆိုပါဗီဒီယိုဖိုင် ပျံ့နှံ့လာပြီးနောက် ထိုင်းအင်တာနက်အသုံးပြုသူများအကြား ပြင်းထန်စွာ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ မိမိပိုင်ပစ္စည်းမဟုတ်ဘဲ ပေါ့ဆစွာ အသုံးပြုခြင်းနှင့် အငှားဆိုင်ကယ်လုပ်ငန်းကို နစ်နာစေခြင်းတို့အတွက် အပြစ်တင်နေကြသည်။

အဆိုပါနိုင်ငံခြားသားသည် ဆိုင်ကယ်ပိုင်ရှင်ကို လျော်ကြေးပေးပါ့မလားဟူ၍ လူများက မေးခွန်းထုတ်နေကြသည်။

ယခုနောက်ပိုင်း ဆိုင်ကယ်ငှားလျှင် ပတ်စပို့စ် မသိမ်းတော့သည့်အတွက် အချို့က ခရီးသွားများသည် ဆိုင်ကယ်ကို စွန့်ပစ်ခဲ့ပြီး နိုင်ငံပြင်ပသို့ ထွက်ပြေးသွားနိုင်ကြောင်း စိုးရိမ်နေကြသည်။

ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါပုဂ္ဂိုလ်ကို ဖော်ထုတ်အရေးယူရန် လူမှုကွန်ရက်အသုံးပြုသူများက တိုက်တွန်းနေကြသော်လည်း လက်ရှိအချိန်ထိ ရဲဘက်မှ တရားဝင် အရေးယူဆောင်ရွက်မှု မရှိသေးပါ။

Source: Thaiger

#AroneNews #Phuket #MotorcycleRental #OffRoadFail #TouristBehavior #YamahaXMAX #ထိုင်းသတင်း

 




ထိုင်းတောင်ပိုင်း နာရာသီဝပ်နယ်စပ်မှာ လမ်းဘေးဗုံးပေါက်ကွဲ - ပြည်သူ့စစ်တစ်ဦး ကျဆုံးပြီး ရွာသားတွေပါ ထိခိုက်ဒဏ်ရာရ

နာရာသီဝပ်၊ ၂၀၂၆ မေ ၁၂

၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့က မလေးရှားနယ်စပ်အနီး နာရာသီဝပ်ခရိုင်၊ Waeng မြို့နယ်ရှိ အမှတ် ၄၀၅၇ လမ်းမကြီးတွင် ကင်းလှည့်တပ်ဖွဲ့ ဖြတ်သန်းသွားစဉ် လမ်းဘေးတွင် ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အမှတ် (၁၁) ပြည်သူ့စစ်အထူးတပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦး နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

အခြားပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ဦးနှင့် ထိုလမ်းတွင် သွားလာနေသည့် ဒေသခံရွာသား နှစ်ဦး ပေါင်း လေးဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားသည်။ ၎င်းတို့၏ အခြေအနေမှာ အသက်အန္တရာယ် မစိုးရိမ်ရဟု သိရသည်။

လက်ရှိအချိန်အထိ မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်မခံသေးသော်လည်း အာဏာပိုင်များက ထိုဒေသတွင် လှုပ်ရှားနေသည့် ဒေသခံခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့များ၏ လက်ချက်ဟု ယူဆထားသည်။

ထိုင်းတောင်ပိုင်းပြည်နယ်များတွင် ၂၀၀၄ ခုနှစ်မှစတင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၇,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။

ထိုင်းအစိုးရက လုံခြုံရေးတိုးမြှင့်ရုံသာမက နယ်စပ်ခြံစည်းရိုးခတ်ရန် အစီအစဉ်ကိုလည်း ဝန်ကြီးချုပ် အနုတင် က အတည်ပြုထားသည်။

Source: Thailand News, Photo Credit: Dr. Lumpy

#AroneNews #Narathiwat #SouthernThailand #RoadsideBomb #ThailandNews #SecurityAlert #ထိုင်းသတင်း

 

 



ခေတ်သစ်စစ်ပွဲအတွက် အသင့်ပြင်ခြင်း - ထိုင်းတတိယစစ်ဒေသရဲ့ ဒရုန်းနဲ့ ညဘက်တိုက်ခိုက်ရေး လေ့ကျင့်

တက်ခ်၊ ၂၀၂၆ မေ ၁၂

ခေတ်သစ်စစ်ပွဲများတွင် အရေးပါလာသည့် ဒရုန်း နည်းပညာကို အသုံးပြု၍ ထိုင်းတပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်ကာ ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့က တာ့ခ်ခရိုင်ရှိ Fort Wachiraprakarn တပ်စခန်းတွင် တိုက်ခိုက်ရေးဒရုန်း ကွပ်ကဲမှုသင်တန်းကို ဖွင့်လှစ်ခဲ့သည်။

သင်တန်းအတွင်း ထောက်လှမ်းရေးနှင့် နယ်စပ်စောင့်ကြည့်ရေးအနီးကပ် နည်းဗျူဟာမြောက် စစ်ဆင်ရေးအမှောင်ထုအတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နိုင်သည့် စွမ်းရည်များကိုလည်း ထည့်သွင်းလေ့ကျင့်ခဲ့သည်။

တတိယစစ်ဒေသ တပ်မှူးကိုယ်တိုင် သင်တန်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လျင်မြန်စွာ ပြောင်းလဲနေသော စစ်ရေးနည်းပညာများနှင့် လုံခြုံရေးခြိမ်းခြောက်မှုသစ်များကို ရင်ဆိုင်နိုင်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။

Source: Khaosod

#AroneNews #ThaiArmy #DroneWarfare #NaresuanForce #MilitaryTechnology #TakProvince #ထိုင်းသတင်း

 

 



ပျားဖွပ်ရာက ပျားအုံပြုတ်ကျပြီး ပျားအုပ်ဝိုင်းတုပ်လို့ အမျိုးသားတစ်ဦး သေဆုံး

မဟာစရာခမ်၊ ၂၀၂၆ မေ ၁၂

၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် နေ့က မဟာစရခမ်ခရိုင်၊ Chiang Yuen မြို့နယ်ရှိ တောအုပ်ထဲတွင် အသက် ၆၂ နှစ်အရွယ် ဦးနူးကန် နှင့် ၎င်း၏ဆွေမျိုး ဦးနရုန်း တို့သည် ပျားဖွပ်ရန် တောထဲသို့သွားခဲ့ကြသည်။

တောထဲ တစ်နေရာတွင် ပျားအုံတွေ့သဖြင့် ဦးနရုန်းက သစ်ပင်ပေါ်တက်၍ မီးခိုးတိုက်ရန် ကြိုးစားစဉ် ပျားအုံပြုတ်ကျလာပြီး ပျားအုပ်က ၎င်းတို့နှစ်ဦးစလုံးကို ဝိုင်းတုပ်ခဲ့ခြင်း ဖြစ်သည်။

ပျားအုပ်ဝိုင်းတုပ်ချိန်တွင် ဦးနူးကန်သည် တောထဲသို့ ထွက်ပြေးသွားခဲ့သော်လည်း ပျားများက နောက်ကလိုက်၍ တုပ်ဆဲ ဖြစ်သည်။ ညနေ ၅ နာရီခန့်တွင် ၎င်းအား ပျားအုံပြိုကျရာနေရာမှ မီတာ ၃၀၀ ခန့်အကွာတွင် ခန္ဓာကိုယ်တစ်ခုလုံး ပျားတုပ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရသည်။

အတူပါလာသူ ဦးနရုန်းမှာလည်း လက်၊ လည်ပင်းနှင့် ကိုယ်ခန္ဓာတို့တွင် ပျားတုပ်ခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

အခြားဖြစ်စဉ်တစ်ခုမှာ နခွန်ရက်ချာဆီမာခရိုင်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင်လည်း အခမ်းအနား ပြုလုပ်နေစဉ် ပျားအုပ် ဝိုင်းတုပ်မှုကြောင့် လူပေါင်း ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။

Source: Thaiger

#AroneNews #MahaSarakham #BeeAttack #WildlifeDanger #HoneyCollector #ForestAccident #ထိုင်းသတင်း

Comments

Popular posts from this blog